Featured Video Play Icon

အနုပညာရှင်နှင့် သူတို့ဖတ်သောစာအုပ်များ

နည်းပညာတိုးတက်လာတာနဲ့အမျှ စာအုပ် ၊ စာပေများကို အချိန်ပေး ဖတ်ရှု သူ မရှိသလောက် နည်းပါးလာပါတယ် ၊ ခေတ်အခြေအနေအရ ပြောင်းလဲလာတဲ့ စာပေဖတ်ရှု ခြင်းတွေနဲ့ပတ်သက်ပြီး ပြည်သူချစ်အနုပညာရှင်တွေရဲ့ လတ်တလောဖတ်ဖြစ်နေတဲ့စာအုပ်များအကြောင်း ၊ ကိုယ်ပိုင်အချိန်တွေထဲက စာဖတ်ချိန် အတွက် ဘယ်လို ခွဲဝေသုံးစွဲဖြစ်တယ်ဆိုတဲ့အကြောင်း နဲ့ စာဖတ်ခြင်းမှ ရရှိတဲ့ အသိတွေကို ဘယ်လိုပြန်လည် အသုံးချဖြစ်တယ်ဆိုတာတွေကို Unity Online Media မှ “ အနုပညာရှင် နှင့် သူတို့ဖတ်သောစာအုပ်များ ကဏ္ဍ ” ခေါင်းစဉ် နဲ့အပတ်စဉ်တင်ဆက်ပေးလျက်ရှိပါတယ် ။ ဒီတစ်ပတ်မှာ တော့ “ နွေကန္တာဦး “ ရုပ်သံဇာတ်လမ်းတွဲ နဲ့ ပရိသတ်အားပေးမှု ရရှိထားသလို “ ကြမ္မာနွံ “ ရုပ်သံဇာတ်လမ်းတွဲ ၊ Toxic (အဆိပ်သွေး) ရုပ်သံဇာတ်လမ်းတွဲ နဲ့ “ ဇနီးချောများကွန်က်” ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မြနှင်းရည်လွင် နဲ့တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ ဒီတွေ့ဆုံ မေးမြန်းမှု ကိုတော့ Unity ရုပ်သံ သတင်းထောက် နိုင်းမှ ရိုက်ကူးတင်ဆက်ပေးထားတာပါ ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်