ရဲတိုက် ၊ ဒေါင်း ၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည် တို့ လေးဦး အားပြို င်ကြ မယ့် ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး

7 Sense ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးမယ့် ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးခြင်းကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ရွှေတိဂုံ ဘုရား အောင်မြေမှာ ပြု လုပ်ခဲ့ပါတယ် ။ ဇာတ်လမ်း ၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားထားတဲ့ ဒီဇာတ်ကားမှာ သရုပ်ဆောင်ရဲတိုက် ၊ ဒေါင်း ၊ တေးသံရှင် ရွှေထူးနဲ႔ ဝတ်မှုံရွှေရည်တို့ရဲ႕ လေးပွင့်ဆိုင်အားပြိုင်မှုကို ကြည့်ရှုအားပေးနိုင်မယ်လို့ 7 Sense ထုတ်လုပ်ရေးမှ ကိုဝေမင်းမောင်ကပြောပါတယ် ။ ” ဒီဇာတ်ကားက ရွှေထူးအတွက် စိန်ခေါ်မှု တစ်ခုလို့လည်းပြောလို့ရပါတယ် ၊ ဇာတ်လမ်းက အသစ်အဆန်းလေးလည်းဖြစ်တယ် ၊ ပုံမှန်က သုံးပွင့်ဆိုင် ဇာတ်လမ်းပုံစံတွေများတယ် ၊ အခုက ဝတ်မှုံ ရွှေရည်ကို ယောက်ျားလေးသုံးယောက်က ၀ိုင်းကြို က်ကြတာဆိုတော့ လေးပွင့်ဆိုင် ပေါ့ ၊ သူတို့လေးယောက်ရဲ႕အားပြိုင်မှုကို ဒီဇာတ်ကားမှာမြင်တွေ႔ရမှာပါ ၊ ပရိသတ်တွေလည်း သရုပ်ဆောင် အတွဲအဖက် အဆန်းလေးခံစားရမှာပါ ” လို့ ဆိုပါတယ် ။ ဇွန်လ နောက်ဆုံးပတ်မှာ စတင်ရိုက်ကူးမယ့် ဒီဇာတ်ကား ရဲ႕Location တွေကိုတော့ ရန်ကုန်မြို႕တွင်း ရှုတင်အိမ်များနဲ့ လှည်းကူး၊ ပဲခူးအစရှိတဲ့ နေရာတွေမှာပါ သွားရောက်ရိုက်ကူးသွားမယ်လို့သိရပါတယ်။
Rosy

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်