ဘဝရဲ့ နံနက်ခင်းကို သံပယိုရေနဲ့ ဧည့်ခံလိုက်ရအောင်

နာမည်ကျော်များနဲ့ အစာအာဟာရလိုက်စားသူတွေဟာ သူတို့ရဲ့ မနက်ခင်းကို သံပယိုရေတစ်ခွက်မပါဘဲနဲ့ မစတင်တတ်ပါဘူး။ အဲဒီတော့ မနက်ခင်း အလေ့အကျင့်လေးက သင့်ကျန်းမာရေးကို ဘယ်လိုအကျိုးပြုနိုင်တယ်၊ မပြုနိုင်ဘူးဆိုတာလေး လေ့လာကြည့်ရအောင်ပါ။

ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်

သံပယိုရေဟာ ကိုယ်အလေးချိန်ထိန်းနေသူ တစ်ယောက်အတွက်တော့ သူငယ်ချင်း ကောင်းတစ်ယောက် ဖြစ်ပါတယ်။ Polyphenols လို့ခေါ်တဲ့ ဓာတုဗေဒဓာတ်ပေါင်း တစ်မျိုးဟာ သံပယိုရေမှာပါဝင်ပြီး ၎င်းက အစာစားချင်စိတ်ကို လျော့ချပေးဖို့ ကူညီပါတယ်လို့ အာဟာရ ပညာရှင် Belly Fat Diet For Dummies စာအုပ်ကိုရေးသားသူ Palinski-Wade က ဆိုပါတယ်။ လေ့လာမှု တစ်ခုမှာတော့ Lemon မှာပါတ ဲ့ Polyphenols ဓာတ်က ဝိတ်တက်ခြင်းကို ကာကွယ်ရုံမက အစာစားရာမှာလည်း အရင်တုန်းက စားနေကျ ပမာဏထက် ပိုမိုလျော့နည်းစေပြီး စိတ်ကျေနပ်မှုလည်း ရရှိနိုင်ပါတယ်တဲ့။ ဒါ့အပြင် သံပယိုရေတစ်ခွက်က ကယ်လိုရီများပါဝင်တဲ့ သင်မနက်တိုင်း သောက်နေကျ လိမ္မော်ရည်တစ်ခွက်နေရာမှာ အစားထိုးဖို့ အကောင်းဆုံးပါပဲလို့ ဆိုပါတယ်။ သံပယိုရေတစ်ခွက်ကို ဖန်တီးမယ်ဆိုရင် ရေရှစ်အောင်စ ၁၂ အောင်စထဲကို သံပယိုသီးတစ်လုံးလုံးကုန်အောင် ညှစ်ထည့် ရပါမယ် Wade က ပြောပါတယ်။ ရေနွေးနဲ့ဖြစ်ဖြစ် ရေအေး နဲ့ဖြစ်ဖြစ် သုံးဆောင်နိုင်ပါတယ်လို့ သူကထပ်ပြောပါတယ်။

နုပျိုစေနိုင်

သံပယိုသီးမှာပါတဲ့ ဗီတာမင်စီက သင့်အရေပြားကို အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ UK မှာ လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဗီတာမင်စီကြွယ်ဝစွာ စား သုံးပေးခြင်းက အရေပြားပေါ်က အရေးအကြောင်းတွေကို နည်းပါးစေတယ်လို့ သိရပါတယ်။ အကြောင်းက ဗီတာမင်စီက ဆဲလ်အသေတွေဖြစ်ပွားမှုကို တိုက်ဖျက်ပေးတာကြောင့်ပါလို့ ဆိုပါတယ်။ ဒါက သင့်အရေပြားတွေ ပျက်စီးမှုမှ ကာကွယ်ပေးပါတယ် လို့ Wade ကပြောပါတယ်။ ဒါ့အပြင် သံပယိုရေမှာ ပါဝင်တဲ့ ရေဓာတ်ကလည်း အရေပြားတွေ နုပျိုစေပါတယ်။

ဖျားနာခြင်းမှ ကာကွယ်ပေးနိုင်

Lemon ထဲမှာ ပါတဲ့ ဗီတာမင်စီက ကျွန်ုပ်တို့ကိုယ်ခံအားကို မြှင့်တင်ပေး နိုင်တယ်ဆိုတာတော့ အထွေအထူး ပြောစရာလိုမယ် မထင်ပါဘူး။ ဒါ့အပြင် ကူးစက်ရောဂါများကို ကာကွယ်ပေး နိုင်ပါသေးတယ်။ ” အစာအိမ်ထဲမှာ အက်စစ်ဓာတ်ရှိနေတာက ဖျားနာစေမယ့် ရောဂါပိုးမွှားတွေကို ကာကွယ်တားဆီးပြီးသား ဖြစ်တာပေါ့” Cleveland ကျန်းမာရေးလုပ်ငန်းမှ ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး Roxanne B. Suckoi ကပြော သည်။ အက်စစ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးခြင်းက အစာအိမ်ထဲမှာ အက်ဆစ်ဓာတ် များ ရှိနေစေပါတယ်” ဟုသူက ဆိုသည်။

ခန္ဓာကိုယ်ထဲမှ ပိုတက်စီယမ်အဆင့်ကို မြှင့်တင်ပေးနိုင်

ငှက်ပျောသီးမှာပဲ ပိုတက်စီယမ်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်တယ်လို့ သိထားကြပေမယ့် သံပယိုသီးမှာလည်း တကယ်တော့ ပိုတက်စီယမ်များ ပါဝင်ပါတယ်လို့ဆိုပါတယ်။ ခန္ဓာကိုယ်တွင်း ဆဲလ်တွေရဲ့ လုပ်ဆောင်မှုတွေ၊ ဇီဝဖြစ်စဉ်နှင့် အာရုံကြောစနစ်များအတွက် ပိုတက်စီယမ်ဓာတ်က မရှိမဖြစ် အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပေသည်။ သံပယိုရေကို ဆေးဖက် ဝင်အပြုံးနဲ့ သောက်လိုက်ကြရအောင်နော်။
 

အစာခြေဖျက်မှုကို အကူအညီပေးနိုင်

သံပယိုရေရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုက အစာခြေဖျက်မှုကို ကူညီပေးနိုင်တာပါ။ ” သံပယိုရေမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က အစာဖျက်မှုကိုအားပေးနိုင်တဲ့အပြင် ရေနွေးနဲ့သောက်သုံးပါက ကြီးမားတဲ့ အစာချေဖျက်မှုအကျိုးကျေးဇူးတွေ ရရှိမှာပါ” လို့ Wade က ဆိုပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ အစာ ချေဖျက်မှုအပိုင်းမှာ အားနည်းလာတတ်ပါတယ်။ အကြောင်း ကအစာအိမ်ထဲမှာ အက်ဆစ်တွေ နည်းလာပါးလာတာကြောင့် ဖြစ်ပါတယ်။
 

အသည်းရဲ့စွမ်းအား မြှင့်တင်ပေး

သံပယိုရေ ဝလင်စွာသောက်သုံးပေးခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်ခုက သင့်ရဲ့အသည်းကို ခန္ဓာကိုယ်ရဲ့ စစ်ထုတ်စနစ်အဖြစ် ကောင်းမွန်စွာ အလုပ်လုပ်ပေးနိုင်ဖို့ ကူညီပေးပါတယ်။ လေ့လာမှုတစ်ခုအရ သံပယိုသီးထဲမှာပါဝင်တဲ့ Citrus Flavonoids ဓာတ်က အသည်းမှ အဆိပ်အတောက်များ နှင့် အဆီများမှ ကာကွယ်ပေးနိုင်ပါတယ်။

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်