သင့်ဘဝကို တိုတောင်းစေမယ့် သင့်ရဲ ့သတိလက်လွတ် အပြုအမူများ

ဘယ်အချိန်တွေမှာ စားသလဲ၊ တီဗွီကိုဘယ်လိုကြည့်သလဲ၊ နောက်နေ့စဉ်ပြုမူနေကျ တစ်ကိုယ်ရည်ကျန်းမာရေးအလေ့အကျင့်များက ဘာမှအရေးမကြီးဘူးလို့ ထင်စရာရှိပေမယ့် ဒါတွေက တကယ်တော့ သင့်ဘဝကို တိုတောင်းစေနိုင်ပါတယ်။

လက်သည်းကိုက်ခြင်း

လက်သည်းကိုက်တတ်တဲ့ အကျင့်ကိုစိတ်ပျက်စရာ အလေ့အကျင့်တစ်ခု လို့မထင်ဘူးလား။ သေချာစဉ်းစားကြည့်ပါ။ လက်သည်းကိုက်ခြင်းဟာ သွားပိုးစားခြင်းကဲ့သို့သော ဝမ်းတွင်းရောဂါပိုးမွှားများ သို့မဟုတ် Streptococcus သို့မဟုတ် Stophilococcus တို့ကဲ့သို့သော အရေပြားရောဂါပိုးမွှားကို အရေ ပြားထဲသို့ ကူးစက်ဖြစ်ပွားစေပါတယ်လို့ ဝါရှင်တန်ဒီစီဂျော့ဝါရှင်တန်ကျောင်းမှ ဆေးပညာနှင့် အရေပြားတွဲဖက် ပါမောက္ခဖြစ်သူ အာဒမ်ဖရိုက်ဒ်မန်းက ပြောပါတယ်။ လက်သည်းပန်းကုံးတစ်ဝိုက် ရောင်ရမ်းနာကျင်ခြင်း (Paronychia)၊ လက်ချောင်းထိပ်များ အလွန်အမင်းနာကျင်ခြင်း (afelom) သို့မဟုတ် လက်ချောင်းများထဲသို့ ပိုမိုဆိုးရွားသော ရောဂါကူးစက်မှုများကို ပိုမိုဆိုးရွားလာ စေနိုင်ပါတယ်ဟု သူက ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ ရောဂါပိုးမွှားတွေဟာ သွေးထဲ အထိကူးစက်ဝင်ရောက်ပြီး ရောဂါအဆိပ်ပျံ့နှံ့သွားခြင်းကနေ အသက် အန္တရာယ်ဖြစ်စေနိုင်သည်အထိ အချိန်ကိုက်ဒုက္ခပေးမှာ ဖြစ်ပါတယ်လို့ သူက သတိပေးခဲ့ပါတယ်။

 

ဝက်ခြံပုန်းများ ညှစ်ထုတ်ခြင်း

လူတိုင်းဝက်ခြံညှစ်ရတာကို ကြိုက်ကြတယ်။ ထုတ်ပြောတဲ့ သူလည်းရှိသလို ထုတ်မပြောကြတဲ့သူတွေလည်း ရှိကြမှာပါပဲ။ ဒါပေမဲ့ ဒါဟာသင့်ကျန်းမာရေးအတွက်တော့ တကယ့်အန္တရာယ်ပါပဲ။ မှန်ရှေ့မှာ နေရာယူ၊ ဝက်ခြံကိုရှာမယ်၊ ပြီးတော့ကုတ်မယ်၊ ညှစ်မယ် ဒါတွေအားလုံးဟာ ဝက်ခြံထဲက ပျက်စီးပြီးသားအရေပြား အသားအရေများကို ဒုက္ခပေးနိုင်ခြေအလားအလာ အများကြီးရှိပြီးတော့ အဲ့ဒီထဲက ဒေါသထွက်နေတဲ့ ဘက်တီးရီးယားများကို ဝင်ရောက် ခွင့်ပြုပေးလိုက်သလိုပါပဲလို့ ဒေါက်တာဖရိုက်ဒ်မန်းကပြောပါတယ်။ ဝက်ခြံနဲ့အတူ များပြားလှတဲ့ဘက်တီးရီးယားပိုးမွှားတွေဟာ ဖြစ်ပျက်ပြောင်းလဲနေတာပါ။ ဆံပင်မွေး၊ ညှင်းပေါက်နေသူများတွင် နေထိုင်တတ်သော အပြုသဘောဆောင်သည့် ဘက်တီးရီးယားများပါဝင်တဲ့ ဝက်ခြံများသည်ပွားတတ်သော်လည်း ခန္ဓာကိုယ်အရေ ပြားအတွက်တော့ သူငယ်ချင်းကောင်းများ ဖြစ်ကြပါတယ်။ သို့ပေမယ့်သူတို့ကို ကုတ်ဖဲ့ညှစ်ထုတ်လိုက်ရာကတစ်ဆင့် အရေပြားမှ သွေးလွှတ်ကြောစနစ် မျက်လုံးများနှင့်အာရုံကြောစနစ်ထဲသို့ ရောက်သွားလျှင်တော့ အရေပြားယားနာများ ပြည်တည်နာများအထိ ဖြစ်ပွားတတ်ပါတယ်။

 

မနက်စာကို ဂရုတစိုက်မစားသုံးခြင်း

မနက်စာဟာ တစ်နေ့တာလုံးအတွက် တကယ့်ကိုအရေး ပါတဲ့အစားအစာဖြစ်ပါတယ်လို့ ဘော်စတွန်အခြေစိုက် အာဟာရပညာရှင် ဒါနာဂရီနီက ပြောပါတယ်။
မနက်စာဟာ တစ်နေ့လုံးအတွက် သင့်ရဲ့အစာစားချင်စိတ်ကို ထိန်းညှိပေးပါတယ်။ ဒီတော့မနက်စာ လွတ်သွားခြင်းက နေ့လည်ပိုင်းနှင့် အခြားအချိန်တွေမှာ အစားများများပိုစားမိစေပါတယ်။ ဒါက သင့်ကိုအဝလွန်စေပါတယ်။ ဒီတော့ သိတဲ့အတိုင်းပဲပေါ့။ အဝလွန်ခြင်းက နှလုံးရောဂါနဲ့ သေဆုံးနို်င်ခြေကို မြင့်တက်စေတယ်လေလို့ သူကသတိပေးထားပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်