Featured Video Play Icon

မြန်မာ့ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ပန်းချီကားတွေကို ခဲမှုန့်နဲ့ရေးဆွဲဖို့ရှိ

မြန်မာ့ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ပန်းချီကားတွေကို ခဲမှုန့်နဲ့ရေးဆွဲပြီး ပြမယ့်ပန်းချီပြပွဲကို ပြသသွားမယ့် အစီစဉ်ရှိတယ််လို့ ပန်းချီဆရာ သူရအောင်ကပြောပါတယ်။ ဒီသတင်းကို Unity သတင်းထောက် ဖြိုးဝေ ကပေးပို့ထားပါတယ်။

ပန်းချီဆရာ သူရအောင်နဲ့သင်တန်းသား သင်တန်းသူ ၁၅ ယောက် ရေးဆွဲထားတဲ့ ခဲမှုန့်ပန်းချီပြပွဲကို စက်တင်ဘာလ ရ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၃ လမ်းမှာ ကျင်းပခဲ့ပါတယ်။

အဲဒီပန်းချီပြပွဲမှာပန်းချီဆရာသူရအောင်က မြန်မာ့ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ပန်းချီကားတွေကို ခဲမှုန့်နဲ့ရေးဆွဲပြီး ပြပွဲပြုလုပ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

Interview သူရအောင်(ပန်းချီဆရာ)

အဲဒီပန်းချီပြပွဲမှာ သင်တန်းသားသင်တန်းသူတွေက ခဲမှုန့်ပန်းချီက ရေဆေး၊ ဆီဆေးပန်းချီတွေထက် ပိုခက်ခဲတယ်လို့ ပြောပါတယ်။

Interview

ခဲမှုန့်ပန်ချီသင်တန်းသား၊ သင်တန်းသူတွေ စုပေါင်းပြီး ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ ပန်းချီကားတွေ ပြသသွားဖို့ ရှိနေတာ ဖြစ်ပါတယ် ခင်ဗျာ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်