Featured Video Play Icon

နိုင်ငံတော်သမ္မတ လာရောက်မည်ဆိုကာ လုပ်အားပေးစေခိုင်းခြင်းအပေါ် ဒေသခံများ မေးခွန်းထုတ်

နိုဝင်ဘာလ ၃ ရက်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားဒေသရှိ ကျေးရွာလေးရွာမှ ဒေသခံပြည်သူများအား ကျေးရွာအုပ်ချုပ်ရေးမှူး ကနိုင်ငံတော်သမ္မတကြီးလာရောက်မည် အကြောင်းပြချက်ဖြင့် ကျေးရွာသာယာလှပရေး လုပ်အားပေးရန်ညွှန်ကြားခဲ့ကြောင်းဒေသခံပြည်သူများထံမှသိရသည်။
နိုင်ငံတော်အကြီးအကဲလမ်းကြောင်းရှိလျှင် ကျေးရွာအတွင်း လုပ်အားပေးရလေ့ရှိသည့် ယခင်စစ်အစိုးရလက်ထက်ကတည်းကကျင့်သုံးခဲ့သည့် အစဉ်အလာကို လက်ရှိ NLD အစိုးရလက်ထက်ထိ ကျင့်သုံးနေခြင်းအပေါ် ဒေသခံပြည်သူများမှ ယခုကဲ့သို့ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။
“အရင်အစိုးရလက်ထက်က စနစ်ဟောင်းတွေကို အခုအစိုးရလက်ထက်ထိကျင့်သုံးနေတုန်းပဲ၊ အခုလိုလုပ်အားပေးခိုင်းတာက NLDအစိုးရကခိုင်းတာလား၊ ဒါမှမဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးက မျက်နှာလို၊ မျက်နှာရလုပ်ပြီးခိုင်းတာလားဆိုတာသိချင်တာပါ” ဟု နန်းမားကျေးရွာနေ ကိုရှိုင်းကိုကUnity သို့ ပြောသည်။
ထိုသို့လုပ်အားပေးခြင်းကို နန်းမားဒေသရှိ နန်းမားရွာ၊ ညောင်ပင်သာရွာ၊လက်ပံတန်းရွာနှင့် ခရုချောင်းရွာ ၄ ရွာမှ ဒေသခံများကလုပ်အားပေးခဲ့ရခြင်းဖြစ်သည်။

#ရှိုင်းကို (မိုးညှင်း)
#UnityNews

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်